ဟိုင်းကြီးကျွန်းမြို့၌ ပိုက်ဆံလျှော်စိုက်ပျိုးထားရှိမှုအခြေအနေများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ဟိုင်းကြီးကျွန်း နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ကျောက်ချောင်း ကျေးရွာအုပ်စု၊ ကညင်ချောင်း ကျေးရွာအုပ်စုနှင့် မဲခရဲကျေးရွာအုပ်စုတို့တွင် ပိုက်ဆံလျှော် စိုက်ပျိုးထားရှိမှုအခြေ အနေများအား ငပုတောမြို့နယ် စိုက်/တိုး/မြှင့် အဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ယနေ့နံနက်(၉) နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ ဒုတိယမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်လင်း ဦးဆောင်သော တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ဒုတိယမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်လင်း ဦးဆောင်သော မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် မြို့စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ကျောက်ချောင်း ကျေးရွာ အုပ်စု၊ကညင်ချောင်းကျေးရွာအုပ်စုနှင့် မဲခရဲကျေးရွာအုပ်စုတို့တွင် ပိုက်ဆံလျှော်စိုက် ပျိုးထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)