အုတ်တွင်း နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ဘုရားနှစ်ဆူကျေးရွာအုပ်စု အုတ်တလင်းကျေးရွာ၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့သည်။
တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းများ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပြီး စာရင်းကောက်ယူရာနေရာအား ညောင်ခြေထောက် စိုက်ပျိုး/မွေးမြူရေး အထက်တန်းကျောင်းမှ မွေးမြူရေးကျောင်းသားကျောင်းသူများကို ကွင်းဆင်းလေ့လာနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ချိတ်ဆက်ပို့ဆောင်ပေးခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းကို နိုဝင်ဘာ ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်အထိ စာရင်းကောက်ယူပြီးစီးမှု ၈၃ ဒသမ ၈၂ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)