ပြည်မြို့အ.ထ.က(ခွဲ) အ.လ.က(၂) ကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ပြည် နိုဝင်ဘာ ၁၄

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီး ဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်မြို့အထက(ခွဲ) အ.လ.က(၂)ကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး ဦးစီးအရာရှိဦးအောင်ကိုသန့်က "လူငယ်နှင့်အနာဂတ်ရည်မှန်းချက်" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ ဗဟုသုတအကြောင်းများကို လည်းကောင်း အဆိုပါကျောင်းမှ Grsde-10 ကျောင်းသား၊ ကျောင်းသူ (၅၄)ဦးအား လူငယ်အသိပညာပေး ဟောပြောကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ သတင်းတု/ သတင်းမှားအန္တရာယ်၊ ဓာတုဆေးဝါးများပါဝင်သော အစားအသောက်များ အန္တရာယ်ဆိုင်ရာ လူငယ်အသိပညာပေး နံရံကပ်စာစောင်များနှင့် ပြည်ခရိုင် ပြန်ကြားရေးနှင်ပြည်သူဆက်ဆံရေးဦးစီးဌာန၏ နယ်လှည့်ရွေလျားစာကြည့်တိုက်မှ သုတ/ရသစာအုပ်စာစောင်များကို စိတ်ဝင်တစားလေ့လာကြည့်ရှုကြကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)