မင်းလှ နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံပညာကျောင်းများနှင့် ပူးပေါင်း၍ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးရေးအသိပညာပေးဟောပြောခြင်း၊ စာဖတ်စွမ်းရည်မြှင့်တင်ခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၇) ရပ်ကွက်၊ အ.မ.က(ပြည်တော်သာ)ကျောင်း၌ ပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်က ကလေးငယ်များကို အတန်းပညာသာမက ဗဟုသုတရရှိရန် စာအုပ်ကောင်းများကို လေ့လာဖတ်ရှု့စေလိုကြောင်း၊ စာဖတ်ခြင်းကြောင့်ရရှိနိုင်သော အကျိုးကျေးဇူးများ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးရေးတို့ကို အသိပညာပေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်မာဝင်းက ကျောင်းသား၊ ကျောင်းသူလေးများကို ပုံပြင်ပြောခြင်းများဖြင့် အသိပညာပေးပြောကြားသည်။
စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် ကျောင်းသား၊ ကျောင်းသူလေးများအား သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ စာစောင်များကို ဖတ်ရှု့စေခြင်းအပြင် သဘာဝဘေး၊ သက်ငယ်မုဒိမ်း၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်းကူးမူ စသည့်နံရံကပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ပေါက်စ