ဖြူး နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ရှိ မျက်စိဝေဒနာရှင် ပြည်သူများအား တောင်ငူခရိုင် မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်းအဖွဲ့မှ ယမန်နေ့၊ နံနက်(၉)နာရီ အချိန်မှစတင်ကာ ဇေယျဝတီတိုက်နယ်ဆေးရုံ၌ အခြေပြု၍ မျက်စိကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ကွင်းဆင်းကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်ငူခရိုင် မျက်ခမ်းစပ်နှင့်မျက်မမြင်ကာကွယ်ရေးစီမံကိန်းအဖွဲ့မှ ကွင်းဆင်းကုသပေးခဲ့ရာ Refractive Error(၆၀)ဦး၊ မျက်စိနာရောဂါ(၈)ဦး၊ မျက်ကြည်လွှာရောဂါ(၆)ဦး၊ အတွင်းတိမ်ရောဂါ(၄၈)ဦး၊ အတွင်းတိမ်ခွဲစိတ်ပြီး(၉)ဦး၊ ထောင့်ကျဉ်းရေတိမ်ရောဂါ(၃)ဦး၊ မျက်စိထိခိုက်ဒဏ်ရာ(၂)ဦး၊ မျက်စိအနောက်ခန်းရောဂါ(၄)ဦး၊ မျက်သားတက်ခြင်းရောဂါ(၅)ဦး စုစုပေါင်း(၁၄၅)ဦးအား ကုသပေးခဲ့ပြီး ဆက်လက်ခွဲစိတ်ကုသရန် လိုအပ်သောမျက်စိဝေဒနာရှင်များဖြစ်သည့် အတွင်းတိမ်ရောဂါ(၃၈)ဦး၊ မျက်စိရေတိမ်ရောဂါ(၂)ဦးနှင့် မျက်သားတက်ခြင်း ရောဂါ(၆)ဦးတို့အား ဆက်လက်ခွဲစိပ်ကုသပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း ဖြူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ မျက်စိကျန်းမာရေး စောင့်ရှောက်ကုသပေးနေမှုအား ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သွားကြည့်ရှု့အားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)