သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

သဲကုန်း နိုဝင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က သဲကုန်းမြို့နယ် အုတ်ဆွဲအုပ်စု၊ အုတ်ဆွဲကျေးရွာ ဘုရားလေးဓမ္မာရုံ တွင်အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သဲကုန်းမြို့နယ် အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံကဒေသအတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊  လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အတွက်အသိပညာပေး  သွားရောက်ဆွေးနွေးလျက်ရှိရာ မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များကို ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ အမျိုးသားမှတ်ပုံတင်ဥပဒေ အသိပညာပေးခြင်း၊ မီး​​ဘေးအန္တရာယ်ကာကွယ်​ရေးလုပ်ငန်းများ၊ လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)အမည် ပြောင်းလဲလျှောက်ထားခြင်း၊ စိုက်ပျိုး​ရေးဦးစီးဌာနမှ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေ​ရေး၊ စိုက်ပျိုးသီးနှံများ​အောင်မြင်ဖြစ်ထွန်းစေ​ရေး၊ ဆည်မြောင်းဌာနမှ ရေပေးဝေမှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေး၏ ဥပဒေနှင့် စာသုံးသူများအခွင့်အရေးစသည်တို့အား အသီးသီးအသိပညာဆွေးနွေး ဟောပြောခဲ့ကြသည်။

ထို့နောက် ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတောင်သူ ၂၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)