နတ်မောက် နိုဝင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက နတ်မောက်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များအား လိုက်လံစစ်ဆေးခဲ့ကြသည်။
အဆိုပါ စက်သုံးဆီအရောင်းဆိုင်များအား လိုက်လံစစ်ဆေးခဲ့ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူးဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းဆိုင်များဖြစ်သည့် ဇဗ္မူထွန်းဆီဆိုင်၊ အောင်ကောင်းမြေဆီဆိုင်၊ ဟိန်းဆီဆိုင်နှင့် ဇော်ကြီးဆီဆိုင်များ၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေး မီးဘေးသတိရှိရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကတ်၊ သဲပုံး၊ မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်နှင့် လျှပ်စစ်သွယ်တန်းမှု စနစ်တကျရှိ/မရှိ စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ စနစ်တကျပြင်ဆင်ထားရှိမှု (လေပေါင်) ရှိ/မရှိစစ်ဆေးခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာတို့ကို စစ်ဆေးမှာကြားခဲ့ကြပြီး မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုနည်းများကို လက်တွေ့သရုပ်ပြရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း