စစ်ကိုင်း နိုဝင်ဘာ ၁၄
စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် နိုင်ငံ့ဝန်ထမ်းများ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်လျက် အခြေခံကွန်ပျူတာ သင်တန်းများကို (အခမဲ့)ဖွင့်လှစ် ပို့ချပေးလျက်ရှိသည်။
ရုံးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ပိုမိုထိရောက်ပြီး လျင်မြန်မှုရှိစေရန်၊ နည်းပညာဆိုင်ရာများကို စနစ်တကျ အသုံးချ၍ မိမိလုပ်ငန်း၊ နိုင်ငံ့လုပ်ငန်းများကို ထိရောက်စွာ ပံ့ပိုးကူညီဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ သင်ကြားမှု ဘာသာရပ်များအနေဖြင့် Microsoft Word ၊ Excle ၊ Power Point နှင့် PageMaker တို့ ဖြစ်ကြောင်း စစ်ကိုင်းခရိုင်ရုံး ဦးစီးအရာရှိ ဦးအောင်အောင်ထွေးထံမှ သိရသည်။
ယခုဆက်သင်ကြားလျက်ရှိသည့် သင်တန်းသားများသည် ခရိုင်ကျေးလက်ဦးစီးဌာနရုံးမှ ဝန်ထမ်းများ ဖြစ်ပြီး သင်တန်းသား(၁၅) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလအဖြစ် (၁၅)ရက်ဖြစ်ကြောင်းနှင့် သင်တန်းများကို ဆက်လက်ဖွင့်လှစ်သင်ကြား ပေးနေမည်ဖြစ်ကြောင်း သိရသည်။
အောင်စိုးဖေ (ပြန်/ဆက်)