ရေနံချောင်းတက္ကသိုလ်၌ အဝေးသင် (တတိယအသုတ်) ဝိဇ္ဇာအထူးပြုဘာသာတွဲများ စာမေးပွဲ စတင်ကျင်းပ

ရေနံချောင်း နိုဝင်ဘာ ၁၄

အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၃ ပညာသင်နှစ် အဝေးသင် (တတိယအသုတ်) ဝိဇ္ဇာအထူးပြုဘာသာတွဲ ပထမနှစ်နှင့် တတိယနှစ် စာမေးပွဲများကို ယမန်နေ့နံနက် ၈ နာရီခွဲမှ ၁၁ နာရီခွဲအထိလည်းကောင်း၊ ဒုတိယနှစ်နှင့် စတုတ္ထနှစ် စာမေးပွဲများကို မွန်းလွဲ ၁ နာရီမှ ၄ နာရီအထိလည်းကောင်း စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲဖြေဆိုနေမှုများကို ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်၊ ပါမောက္ခ (ဌာနမှူး) များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စာမေးပွဲစည်ကမ်းချက်များနှင့်အညီ ကြိုးစားဖြေဆိုကြစေလိုကြောင်းနှင့် စနစ်တကျရှိစေရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

ရေနံချောင်းတက္ကသိုလ်တွင် အဝေးသင် (တတိယအသုတ်) ဝိဇ္ဇာဘာသာအထူးပြု ပထမနှစ်နှင့် တတိယနှစ် စာမေးပွဲများကို နိုဝင်ဘာ ၁၃ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပထမနှစ်ကျောင်းသားကျောင်းသူ ၁၂၇၇ ဦး၊ ဒုတိယနှစ်ကျောင်းသားကျောင်းသူ ၁၄၉၆ ဦး၊ တတိယနှစ်ကျောင်းသားကျောင်းသူ ၇၁၅ ဦးနှင့် စတုတ္ထနှစ်ကျောင်းသားကျောင်းသူ ၆၉၅ ဦးရှိကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်