မအူပင် နိုဝင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် MCCT အစီအစဉ်အခြေအနေလေ့လာမှု စစ်တမ်း (Post Distribution Monitoring – PDM) ကောက်ယူမှုရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းဝင်းအေးမှ မအူပင်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ် (MCCT)နှင့် ပတ်သက်၍ အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ကြေး ဖြန့်ဝေပြီးမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နေပြည်တော်(ရုံးချုပ်) လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖူးငုံလှိုင်မှ MCCT ၏ အဓိကအပိုင်း(၂)ပိုင်းနှင့် သတ်မှတ်ချက်များအားရှင်းလင်း ပြောကြားပြီး ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက်မှ ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြေားကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မအူပင်မြို့ပေါ် (၁၂)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ကျေးရွာ (၂၃)အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)