ချောက်မြို့မ​စျေး၌ ပလတ်စတစ်​လျှော့ချ​ရေး ကွင်းဆင်းစစ်​ဆေး​ဆောင်ရွက်

ချောက် နိုဝင်ဘာ ၁၃

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့မ​စျေး၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပြည်သူများ ပလတ်စတစ်အိတ်လျှော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ ​အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့ သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ချောက်မြို့မ​စျေးတွင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်း မရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ စစ်​ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့မှ ဦးဆောင်ကာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူး​ပေါင်း၍ မြို့မ​စျေးအတွင်းနှင့် အပြင်တွင် ပလတ်စတစ်အိတ်မသုံးစွဲရဟု သတ်မှတ်ထားရှိပြီး ပလတ်စတစ်အိတ်အစားအင်ဖက်၊ ငှက်​ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုပ်ပိုး သုံးစွဲစေရေးအတွက် လိုက်လံကွင်းဆင်း စစ်​ဆေး​​ခြင်းများကို အရှိန်အဟုန်မပျက် အပတ်စဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)