မော်လမြိုင်ကျွန်း အောက်တိုဘာ ၂၃
မော်လမြိုင်ကျွန်းမြို့နယ်ရှိ Emergency Volunteer Team အတွက် နေတိုးပရဟိတဆရာတော် ဦးအဂ္ဂဓမ္မ (ပြည်တော်အေးကျောင်းတိုက်) မအူပင်မှ PPE (၅)စုံ၊ Hand gel ကြီး(၂)ဘူး၊ လက်အိတ် ၁ ဘူး၊ ခေါင်းစွတ် ၆၅ ခု၊ Mask ၁၁ ဘူး၊ Surgical G ၄၅ စုံ၊ ဦးအောင်လင်း (ရွှေနဒီ သောက်ရေသန့်စက်) မှ PPE ဝယ်ယူရန် ၁ သိန်း ကျပ်တို့ကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထံသို့ လာရောက် လှူဒါန်းသည်။
ဆက်လက်၍ မြို့နယ်အတွင်းရှိ Facility Quarantine Centre များဖြစ်ကြသော ရတနာ့ဗိမ္မာန် ဘုန်းတော်ကြီး ကျောင်း၊ အ-ထ-က (၁)၊ မြို့မ အ-လ-က၊ ကုတင် ၅၀ ဆေးရုံ၊ အားကစားခန်းမသစ်၊ ပစ္ဆိမာရုံဘုန်းတော်ကြီးကျောင်း၊ တိုင်းရင်းဆေးရုံများရှိ အသွားအလာ ကန့်သတ်ထားသူများနှင့် ကုတင်(၁၀၀)ဆေးရုံ Isolation မှ လူနာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အာရောဂျံ၊ ကြက်ခြေနီ၊ မြို့အဝင်ဂိတ်ရှိ volunteer များ၊ ရွေကျွန်း(၅)လမ်းမှ အိမ်ထောင်စုများ၊ အောင်သုခ၊ (၁၄)လမ်း၊ အေ(၉)လမ်း အ.မ.ကများမှ ဆရာ၊ ဆရာမများ စုစုပေါင်း ၅၂၀ ဦးတို့အား နေ့လယ်စာ ဒံပေါက်ထမင်း အဟာရများအား Facility Quarantine Centre မှ တာဝန်ရှိသူများထံသို့ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က လိုက်လံပေးပို့လှူဒါန်းသည်။
အဆိုပါနေ့လယ်စာ အဟာရဒါနပြုသူများမှာ ကိုဇော်လွင်ကျော်၊ ကိုသူရမင်းနိုင်၊ ကိုသန်းထွေး၊ ကိုမောင်မောင်၊ ကိုသန့်ဇင်ထွေး သူငယ်ချင်း တစ်စုမိသားစုများမှ နေ့လယ်စာ ကြက်သားဒန်ပေါက် ထမင်းများကို လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)