ပိုင်ကျုံ နိုဝင်ဘာ ၁၃
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ ကာယဉာဏ စွမ်းရည်တိုးတက်စေရန်အတွက် နိုဝင်ဘာလ ၁၁ ရက်နေ့က ပြိုင်ပွဲများ ဆောင်ရွက် ခဲ့သည်။
ရှေ့ဦးစွာ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ပြိုင်ပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စည်းမျဉ်းစည်းကမ်းကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား လူငယ်တို့ကို စိတ်ကြိုက်ပန်းချီရေးဆွဲပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆောင် ရွက်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား မြို့ဦးစီးမှူးက အာဟာရမုန့်များ တိုက်ကျွေခဲ့ပြီး ဆုရရှိသူများကို ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)