ဒေးဒရဲ နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးရေးသားနည်းသင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်ကစတင်၍ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများစဥ်းစားတွေးခေါ်မှု စွမ်းရည်များတိုးတက်လာစေရန်နှင့် စာစီစာကုံးများကို အမှတ်ပေးစည်းမျဥ်းများနှင့်အညီ ရေးသားတတ်စေရန်အတွက် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးရေးသားနည်းသင်တန်းကို မြန်မာစာဘာသာရပ်သင် ဆရာမ ဒေါ်ဝင်းစန္ဒာဆွေက သင်ကြားပြသပေးလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာ အထက်တန်းကျောင်းက ကျောင်းသား၊ ကျောင်းသူများက သင်ယူလေ့လာလျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့မှ (၁၂) ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၁၇) ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်၊ လူရွယ်များ ပေါ်ထွန်းလာစေရေးအတွက် စာစီစာကုံးရေးသားနည်း သင်တန်းများ၊ စာဖတ်ဝိုင်းများ၊ ဥာဏစွမ်းရည်ပြိုင်ပွဲများကို အပတ်စဥ်ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း