လှိုင်းဘွဲ အောက်တိုဘာ ၂၃
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အမျိုးသမီးကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာနှင့်ပတ်သက်၍ ကြိုတင် ကာကွယ်နိုင်ရန်အတွက် သားအိမ် ခေါင်းကင်ဆာ(HPV) ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့က ကြားအင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါကာကွယ်ဆေးများ ထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ကျန်းမာရေးမှူး ဒေါ်ချိုချိုဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားလာနိုင်သည့် အကြောင်းအရာများ၊ အိတ်ချ်ပီဗီရောဂါ ကူးစက်နိုင် သည့် နည်းလမ်းများ၊ ရောဂါလက္ခဏာများကို အသိပညာပေးပြောကြားခဲ့ပြီး သားအိမ်ခေါင်းကင်ဆာရောဂါဆိုင်ရာ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကြာအင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၆)ရွာမှ အမျိုးသမီးငယ်(၇၃)ဦးအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)