ကြံခင်းမြို့ (555) ပွဲရုံမိသားစုမှ (၉၅၄၀၀၀) တန်ဘိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများအား မြို့နယ်ပြည်သူ့ဆေးရုံသို့ လှူဒါန်း

ကြံခင်း  အောက်တိုဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ပြည့်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် (555) ပွဲရုံမိသားစုမှငွေကျပ် (၉၅၄၀၀၀) တန်ဘိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နေ့လည်ပိုင်းက မြို့နယ် ပြည်သူ့ဆေးရုံတွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်လှူဒါန်းသော ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံ(၅၀) စုံ၊ KN95 (၁၀၀၀) ခု၊ အောက်ဆီဂျင်အိုးကြီး (၁) ဘူး Deli Charget တို့အား တန်ဘိုးငွေကျပ် (၉၅၄၀၀၀) ရှိပစ္စည်းများနှင့်‌မြို့နယ်ပြည်သူ့ဆေးရုံ လျှောက်လမ်း ကြွေပြား ခင်းရန် ငွေကျပ်  (၁၃၀၀၀၀) ကိုကြံခင်းမြို့ (555) ပွဲရုံမိသားစုမှ မြို့နယ်ကုသရေးနှင့် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေး အပ်ခဲ့ကြောင်း သိရသည်။

ထို့အတူ မြို့နယ်ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် ဆေးရုံတတ်ရောက်ကုသနေသော လူနာများ အတွက် နေ့လည်စာ အာဟာရဒါန လှူဒါန်းခဲ့ကြောင်းသိရသည်။

မိုးမိုး(ပြန်/ဆက်)