ဒေးဒရဲ နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ပြည်သူများ ဒေသတွင်း ဆီစားသုံးမှုဖူလုံစေရေးရည်ရွယ်၍ ဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုးမည့် တောင်သူများအား ဆောင်းနေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က တော်လှကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး၊ ဦးဇော်မင်းထွန်းက ဆီးထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများအား အထွက်နှုန်းတိုးထွက်နိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ်များ၊ စိုက်ပျိုးရေနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်မည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆီထွက်သီးနှံနေကြာစိုက်ပျိုးမည့် တောင်သူများအား စပ်မျိုးနေကြာ (၁) မျိုးစေ့များအား တောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်ရှိ ကျေးရွာအုပ်စု (၆) စု၊ တောင်သူ (၂၃၄) ဦး၏ စိုက်ပျိုးဧက (၃၂၀) တွင် ဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
အေဇာလင်း