သရက်မြို့၌ မျက်စိနာရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

သရက် နိုဝင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး သရက်မြို့၌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် မျက်စိနာရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပခြင်း အခမ်းအနားကို နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ကျင်းပရာ ဒုတိယ ကျောင်းအုပ်ဆရာကြီး နှင့် ဆရာ/ဆရာမများ၊ ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ခင်ဌေးလှိုင်က ပြောကြားရာမှာ “ရောဂါဖြစ်ရခြင်း အကြောင်းအရင်းမှာ မျက်မြှေးရောင် မျက်စိရောဂါသည် ဗိုင်းရပ်(စ်)ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြိး ကူစက်မြန်ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါလက္ခာဏာများမှာ မျက်စိနီခြင်း၊ ရောင်ခြင်း၊ မျက်စိနာခြင်း၊ ကိုက်ခြင်း၊ မျက်ရည်ထွက်ခြင်း၊ မျက်ဝတ်အနည်းငယ် ထွက်ခြင်းများ ဖြစ်ပွားနိုင်ပြီး ကူးစက်ပြန့်ပွားပုံမှာ မျက်မြှေးရောင် မျက်စိနာသူနှင့် အလွန်နီးကပ်စွာ နေထိုင်ခြင်း၊ မျက်မြှေးရောင် မျက်စိနာသူ၏ အသုံးအဆောင်ပစ္စည်းများ ကိုင်တွယ်သုံးစွဲမိခြင်းတို့ကြောင့် ကူးစက်တက်ပြီး ကုသနည်းမှာ မျက်မြှေးရောင် မျက်စိနာသူနှင့် နီးကပ်စွာ မနေပါနှင့်၊ မျက်မြှေးရောင်  မျက်စိနာနေသူ၏ အသုံးအဆောင်ပစ္စည်းများကို ယူမသုံးရန်နှင့် အိမ်မှာ အနားယူ၍ ရောဂါကုသခံယူရန်တို့ဖြစ်ကြောင်း” ပြောကြားပေးခဲ့သည်။

ထို့နောက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း ဒုတိယ ကျောင်းအုပ်ဆရာကြီး ဦးဇော်ထွန်းက ကျေးဇူးတင်စကား ပြောကြားပေးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများက မျက်စိကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များအား အခမ်းအနား တက်ရောက်လာသည့် ကျောင်းသားများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)