စလင်းမြို့နယ်စည်ပင်သာယာ စျေးအတွင်းစျေးရောင်းစျေးဝယ်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (အပိုဆောင်း) ဆက်လက်ထိုးနှံပေး

စလင်း  နိုင်ဘာ  ၁၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ အသက်(၁၈)နှစ်အထက်ပြည့်ပြီးသူ ပြည်သူများနှင့် စျေးရောင်းစျေးဝယ်များအား ကိုဗစ်-၁၉ ရောဂါ အပိုထပ်ဆောင်းထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီက စလင်းမြို့နယ် စည်ပင်သာယာစျေးအလယ်အဆောင်၌  ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက စာရင်းများရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်း  စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။

စလင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပိုဆောင်းထိုးနှံခြင်းကို နိုဝင်ဘာ ၁၀ ရက်နေ့ နံနက် ၉ နာရီမှစတင်ထိုးနှံလျက်ရှိပြီး နိုဝင်ဘာ(၁၁)ရက် နံနက် ၉ နာရီအချိန်မှစတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စည်ပင်သာယာစျေးအတွင်း စျေးရောင်းစျေးဝယ်  ပြည်သူများအားကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများထိုးနှံပေးနေမှုများကို မြို့နယ်ကိုဗစ်-၁၉ ရောဂေါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် ကျန်းမာရေးဦးစီးအရာရှိဦးမင်းမင်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအေးပိုင်နင့်တာဝန်ရှိသူများက အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)