ဟင်္သာတ နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဥ်ပြိုင်နိုင်ရေးအတွက် ဟင်္သာတ ခရိုင်နှင့် မြန်အောင်ခရိုင်တို့မှ ကျောင်းသား၊ ကျောင်းသူများ၏ အားကစားနည်း (၇)မျိုး လူရွေးပွဲများကို ယမန်နေ့နံနက် ၇နာရီမှ စတင်၍ဟင်္သာတမြို့ ပြည်သူ့အားကစားပြိုင်ကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမ၊ မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ကျင်းပခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲ လူရွေးပွဲများကို ဟင်္သာတမြို့နယ်၌ နိုဝင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ၊ ဇလွန်၊ လေးမျက်နှာ မြို့နယ်များမှ မြို့နယ်အဆင့် လက်ရွေးစဥ် ကျောင်းသား၊ ကျောင်းသူ ၅၀၀ ဦးတို့မှ ဝင်ရောက်ယှဥ်ပြိုင် ရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီး ဆက်လက်၍ တိုင်းအဆင့်ပြိုင်ပွဲများတွင် ခရိုင်ကိုယ်စားပြု ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)