ဒေးဒရဲ အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တော်ချိုက်ကျေးရွာအုပ်စု၊ တော်ပေါင်စိန်ကျေးရွာတွင် (၂၀-၁၀-၂၀၂၀) ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်များမှ အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ ထောက်ပံ့မှုတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်နိုင်ထွန်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးတို့က လေပြင်း တိုက်ခတ် မှုကြောင့် ပြိုကျပျက်ဆီးခဲ့သည့် လူနေအိမ်(၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄)သိန်းကျပ်၊ အိမ်ထောင်စု(၄)စုရှိ လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာငွေ (၃၅၇၀ဝိ)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ Box (၁) လုံးစီတို့အား လေဘေးသင့်ပြည်သူတို့၏ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)