ငရုတ်ကောင်း နိုဝင်ဘာ ၁၂
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဥ်(သံလွင်) ဆေးကုသရေးအဖွဲ့သည် ငရုတ်ကောင်းမြို့ ပြည်သူ့ဆေးရုံ၌ နိုဝင်ဘာ ၁၀ရက်နေ့က ဆေးကုသမှုုပါရဂူ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေးကုသမှု၊ ဓာတ်မှန်၊ ရောဂါဗေဒ၊ မေ့ဆေး၊ အရိုးရောဂါခွဲစိတ်၊ နား/နှာခေါင်း/လည် ချောင်းခွဲစိတ်၊ မျက်စိရောဂါခွဲစိတ်၊ သွားရောဂါ၊ ပြည်သူ့ကျန်းမာရေးအထွေထွေရော ဂါကုသမှု ပါရဂူများမှ ငရုတ်ကောင်းမြို့နှင့်အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တပ်မတော်နယ်လှည့်ဆေးကုသရေး ပင်လယ်သွားဆေးရုံရေယာဥ်(သံလွင်) ဆေးကုသရေးအဖွဲ့သည် ငရုတ်ကောင်းမြို့နှင့်အနီး ပတ်ဝန်းကျင်ကျေးရွာများမှ အထွေထွေရောဂါ(၄၇၂)ဦး၊ ခွဲစိတ်(၇၈)ဦး၊ သားဖွား၊မီးယပ်ရောဂါ(၄၉)ဦး၊ ကလေးရောဂါ(၅၇)ဦး၊ အရိုးအကြောရောဂါ(၁၁၈)ဦး၊ နားနှာခေါင်းရောဂါ(၇၀)ဦး၊ မျက်စိရောဂါ(၂၄၉)ဦး၊ သွားရောဂါ(၉၃)ဦး စုစုပေါင်း(၁၁၈၆)ဦးအား ရောဂါရှာဖွေကုသပေးခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)