သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများ ခင်းကျင်းပြသ

သာပေါင်း နိုဝင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့က ဇီးဖြူကွင်းကျေးရွာအုပ်စု၊ တောင်ယာကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း(တောင်ယာကုန်း)တွင် နိုဝင်ဘာ ၁၀ရက်နေ့ နံနက် ၁၀ နာရီအချိန်က နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို ဟောပြောခင်းကျင်း ပြသခဲ့ကြသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက “စာဖတ်ဖတ်ရှုရေး” အသိပညာပေးခေါင်းစဉ်ဖြင့် ဟောပြောရာ ကျောင်းသား၊ ‌ကျောင်းသူများအနေဖြင့် လူသားတွေရဲ့ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးသည် စာဖတ်ခြင်းပဲဖြစ်ပါကြောင်း၊ လူညံ့တစ်ယောက် မဖြစ်ဖို့အတွက် စာဖတ်ဖို့လိုပါကြောင်း၊ ငယ်ရွယ်စဥ်ကတည်းက စာဖတ်သည့်အလေ့အကျင့်ကို လုပ်ဆောင်ဖို့လိုပါကြောင်း၊ စာအုပ်စာပေသည် သားတို့၊ သမီးတို့အတွက် အကောင်းဆုံးမိတ်ဆွေဖြစ်ပါကြောင်း” ဟောပြောပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ‌ ဒေါ်သွယ်သွယ်အေးမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အချက်အလက်များအား ဆက်လက်ရှင်းလင်း အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာ‌ပေးနံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်