အထက်မင်းလှ အောက်တိုဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ သန့်ရှင်းသာယာလှပစေရန်၊ ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျပ် ၁၀ သန်းအောက် လုပ်ငန်းဖြစ်သည့် လုပ်သားလမ်း ဒုတိယအပိုင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို အောက်တို ဘာ ၂၀ ရက်နေ့တွင် စတင် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
အဆိုပါ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မင်းလှမြို့ လုပ်သားလမ်းတွင် ပြုလုပ်သည့်ကွန်ကရစ်လမ်း ခင်းခြင်းအလျား ၃၆၅ ပေ အကျယ် ၁၂ ပေ၊ထု ၈ လက်မရှိ ကွန်ကရစ် လမ်းခင်းခြင်းခွင့်ပြုရန်ပုံ ငွေကျပ်သန်း (၉.၁၂၅) ဖြင့် လုပ်ငန်း ဆောင်ရွက်နေမှုအား ငယ်တန်းအင်ဂျင်နီယာ-၃ ဒေါ်နှင်း ယုအေးမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇာဇာ (အထက်မင်းလှ)