ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ် ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂ / ၂၀၂၃)သို့ တက်ရောက်

ဟားခါး နိုဝင်ဘာလ ၁၂

ချင်းပြည်နယ် ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂ / ၂၀၂၃) ကို ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းဝေးဖြစ်ပါကြောင်း၊ တက်ရောက်လာသည့် အဖွဲ့ဝင်များအနေဖြင့် ယခင်အစည်းအဝေးနှင့် ယခုအစည်းအဝေးကြား ထူးခြားပြောင်းလဲမှုများကို ဆွေးနွေးတင်ပြစေလိုကြောင်း၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ လမ်းညွှန်မှု ဘောင်အတွင်းမှ ဆွေးနွေးရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွန်မှုအတိုင်း ကုန်စည်အများအပြား ထုတ်လုပ်နိုင်မှသာ ရောင်းစရာကုန်စည်ရှိလာမည်ဖြစ်ပြီး အရောင်းအဝယ်၊ ကုန်စျေးနှုန်းဆိုတာ ဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ကြမ်းအမြောက်အမြား ထုတ်လုပ်နိုင်ရေး၊  ဒေသဝမ်းစာဖူလုံရေး၊ ထိုကုန်ကြမ်းများကို အခြေခံ၍ ကုန်ချောထုတ်လုပ်ရောင်းချနိုင်ရေး အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ လျှပ်စစ်စွမ်းအင် တိုးမြှင့်ထုတ်လုပ်ဖွံ့ဖြိုးရေး၊ လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရေး၊ လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးရေး၊ သမဝါယစိတ်ဓာတ် ထွန်းကားပြန့်ပွားရေး စသည်ဖြင့် ဆက်စပ်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးသည်။

ယင်းနောက် ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်၊ တွဲဖက်အတွင်းရေးမှူး ဗဟိုစာရင်းအင်းအဖွဲ့မှ ဒေါ်ချိုချိုဝင်းတို့က ကုန်ဈေးနှုန်းပြောင်းလဲမှုအခြေအနေများကို Power Pointဖြင့် ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များပေါ် တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုတို့က အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)