တပ်မတော်နယ်လှည့်ဆေးကုသရေး မြစ်တွင်းသွားဆေးရုံရေယာဥ်(ရွှေပုဇွန်) ဆေးကုသရေးအဖွဲ့သည် မြန်အောင်ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အခမဲ့ဆောင်ရွက်

မြန်အောင် နိုဝင်ဘာ ၁၁

တပ်မတော်နယ်လှည့်ဆေးကုသရေး မြစ်တွင်းသွားဆေးရုံရေယာဥ်(ရွှေပုဇွန်) ဆေးကုသရေးအဖွဲ့သည် မြန်အောင်ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ယမန်နေ့က  ဆေးကုသမှုပါရဂူ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေးကုသမှု၊ ဓာတ်မှန်၊ ရောဂါဗေဒ၊မေ့ဆေး ၊ အရိုးရောဂါခွဲစိတ်၊ နား/နှာခေါင်း/လည်ချောင်းခွဲစိတ်၊ မျက်စိရောဂါခွဲစိတ်၊ သွားရောဂါ၊ ပြည်သူ့ကျန်းမာရေးအထွေထွေရောဂါကုသမှုပါရဂူများမှ မြို့နယ်နှင့်အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား လိုအပ်သော ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်နေမှုတို့အား တပ်မတော်နယ်လှည့်ဆေးကုသရေး မြစ်တွင်းသွားဆေးရုံရေယာဥ်(ရွှေပုဇွန်) ဆေးကုသရေးအဖွဲ့ တာဝန်ရှိသူများ၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်အဖွဲ့ဝင်များက ဆေးကုသနေမှုအား ကြည့်ရှုအားပေး၍ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဆေးကုသရန်လာရောက်သူများ အားကူညီပေးခဲ့ကြသည်။

တပ်မတော် နယ်လှည့်ဆေးကုသရေး မြစ်တွင်းသွားဆေးရုံရေယာဥ်(ရွှေပုဇွန်) ဆေးကုသရေးအဖွဲ့သည် မြန်အောင်ပြည်သူ့ဆေးရုံ၌ မြန်အောင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ အထွေထွေရောဂါ (၂၃၉)ဦး၊ ခွဲစိတ်(၆၈)ဦး၊ သားဖွားမီးယပ် (၁၆)ဦး၊ ကလေး(၁၇)ဦး၊ အရိုးအကြော(၁၆၀)ဦး၊ နား၊နှာခေါင်းလည်ချောင်း (၂၆)ဦး၊ မျက်စိ (၁၃၃) ဦး၊ သွားရောဂါ(၁၅)ဦး စုစုပေါင်း (၆၇၄)ဦးအား ရောဂါရှာဖွေကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ဝင်းဗိုလ် (ပြန်/ဆက်)