ပခုက္ကူမြို့၌ မျက်စိနာရောဂါဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ပခုက္ကူ  နိုဝင်ဘာ ၁၁

နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ မျက်စိနာရောဂါဆိုင်ရာအသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ ၁၁ရက် နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပခုက္ကူမြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးဆန်းမင်းအောင် က မျက်စိနီရဲခြင်း၊ မျက်ဝတ်ထွက်ခြင်း၊ မျက်စိယားယံခြင်း၊ မျက်စိနာကျင်ရောင်ရမ်းခြင်း၊ မျက်ရည်ယိုခြင်း၊ အလင်း‌ရောင် မကြည့်နိုင်ခြင်း စသည့်မျက်စိနာရောဂါလက္ခဏာရပ်များ၊ မျက်စိရောဂါဖြစ်စေနိုင်သည့် အသုံးအဆောင်ပစ္စည်း များ၊မျက်မြှေးရောင်ရောဂါနှင့်မျက်စိနာရောဂါကာကွယ်ရေးနည်း လမ်းများအကြောင်းတို့ကို Projector ဖြင့် ရှင်းလင်း ဟောပြောသည်။

အဆိုပါဟောပြောပွဲတွင် ပညာ‌ရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဦးဆန်းလင်း၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုး‌ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့် ဆရာ/ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်း အုပ်ကြီး ဒေါ်ခင်မိုးမြင့်နှင့်ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၇)သင်တန်းသူများ၊ မြို့နယ် ကျန်းမာရေးမှူးနှင့်ကျန်းမာရေးဝန်ထမ်းများ တက်‌ရောက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)