မြောင်းမြမြို့တွင် ခရိုင်ပညာရေးမှူးဖလား (၃) မြို့နယ်ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြောင်းမြ နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်ပညာရေးမှူးဖလား (၃) မြို့နယ် ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကို မြောင်းမြမြို့၊ အ.ထ.က (၆) ကျောင်းတွင် ယနေ့နံနက် (၈:၀၀) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများအတွက် ဆုချီးမြှင့်ပွဲကို မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်၊ ဝါးခယ်မမြို့နယ်များမှ ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ကာယဆရာ၊ ဆရာမများ တက်ရောက်ကြပြီး  မြောင်းမြခရိုင် တာဝန်ခံပညာရေးမှူး ဆရာကြီးဦးစိုးစိုးထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲအသီသီးတွင် ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း (၁၁၂) ဦးတို့ ယှဉ်ပြိုင်ကစားကြရာမှ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲတွင် ပထမဆု မြောင်းမြမြို့နယ်၊ ဒုတိယဆု အိမ်မဲမြို့နယ်နှင့် တတိယဆု ဝါးခယ်မမြို့နယ်၊ စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲတွင် ပထမဆု မြောင်းမြမြို့နယ်၊ ဒုတိယဆု ဝါးခယ်မမြို့နယ်နှင့် တတိယဆု အိမ်မဲမြို့နယ်၊ အမျိုးသားဘော်လီဘောအားကစားပြိုင်ပွဲတွင် ပထမဆု အိမ်မဲမြို့နယ်၊ ဒုတိယဆု ဝါးခယ်မမြို့နယ်နှင့် တတိယဆု မြောင်းမြမြို့နယ်၊ အမျိုးသမီးဘောလီဘောအားကစားပြိုင်ပွဲတွင် ပထမဆု၊ ဝါးခယ်မမြို့နယ်၊ ဒုတိယဆု၊ မြောင်းမြမြို့နယ်နှင့် တတိယဆု အိမ်မဲမြို့နယ်တို့ အသီးသီးရရှိကြပြီး တက်ရောက်လာကြသော ဆရာကြီး၊ ဆရာမကြီးများက ဆုများအား ပေးအပ်ချီးမြှင့်ပေးခဲ့သည်။ ထို့အပြင် တိုင်းဒေသကြီးအဆင့် အမျိုးသားဘောလုံးပြိုင်ပွဲအတွက် လူရွေးပွဲကို ဆက်လက်ယဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)