ဘိုကလေး နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ ရှေးဟောင်းသမိုင်းဝင်မြစိမ်းရောင် ဘုရားကြီး တန်ဆောင်တော်အတွင်း တည်ထားကိုးကွယ်တော်မူသော ဆုတောင်းပြည့်ဗျာဒိတ်ပေး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အမိုးမျက်နှာကြက်တပ်ဆင်လှူဒါန်းမှု စုပေါင်းရေစက်ချလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ဘုရားကြီး၏တန်ဆောင်တော်အတွင်းတွင် ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီးဘိုကလေးမြို့နယ် ဇေယျာဘုံမြင့် ကျောင်းတိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည် ကြသည်။ထို့ နောက် နဝကမ္မအလှူတော်ငွေများအား ဆက်ကပ်လှူဒါန်းပြီး အမိုးမျက်နှာကြက် အလှူရှင်များ အား အနုမောဒနာဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကာ တက်ရောက်လာကြသော အလှူရှင်များမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားတော်နာကြား၍ ရေစက်သွန်း ချအမျှ ပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
ဆုတောင်းပြည့်ဗျာဒိတ်ပေးဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ပုလ္လင်အမြင့်(၅)ပေ၊ ဉာဏ်တော် (၂၉)ပေစုစုပေါင်း (၃၄)ပေရှိကာ အမိုးမျက်နှာကြက်များအား အလှူရှင်များမှသိန်းပေါင်း (၂၄၀)ကျော် အကုန်ကျခံပြီး တပ်ဆင် လှူဒါန်းထားခြင်းဖြစ်ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)