ကံမ နိုဝင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း၍ အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီများကို စျေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် (၂) နာရီက ပြည်သူများအား ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စားအုန်းဆီများ ရောင်းချရာတွင် စားအုန်းဆီ ပိဿာ (၂၂၀၀)အား မြို့ပေါ်ရပ်ကွက်များ မှ ဒေသခံပြည်သူများကို (၁) ပိဿာလျှင် (၅၅၀၀)ကျပ်နှုန်းဖြင့် ကာလပေါက်ဈေးထက် ဈေးသက်သာစွာရောင်းချပေးခဲ့ပြီး ရောင်းချရာနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)