တွန်းဇံ နိုဝင်ဘာ ၁၁
ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွှဲ(၂) နာရီအချိန်က ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခမ်ငိုက်မန်က ဗလငါးတန်ဖွံ့ဖြိုးရေးအကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်တရားသူကြီး ဦးဇော်ဖြိုးအောင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ သိကောင်းစရာများအကြောင်းကိုလည်းကောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇမ်ဆွင်းလျန်က လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က ဟောပြောချက်များကို မေးမြန်း၍ ပြန်လည်ဖြေကြားနိုင်သူ ကျောင်းသား ၅ ဦးကို ငွေကျပ်တစ်သောင်းနှုန်းဖြင့်ဆုချပြီး ကျောင်းသားများအတွက် အာဟာရဖြည့်စွက်စရိတ်ထောက်ပံ့ငွေကျပ်ငါးသောင်းကို ကျောင်းအုပ်ဆရာကြီး ဦးအောင်ဘူးထံပေးအပ်ကာ အမျိုးသမီးရေးရာအဖွဲ့များက ကျောင်းသားများအား အာဟာရဖြည့်မုန့်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်တရားသူကြီးဦးဇော်ဖြိုးအောင်၊ ဒု-မြို့နယ်ပညာ ရေးမှူးဦးဇမ်ဆွင်းလျန်နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီးဦးအောင်ဘူးနှင့် ဝန်ထမ်းများ၊ ကျောင်းသားများ (၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
ဇိုဇွန်းပါလ်(ပြန်/ဆက်)