မေတ္တာမြို့၌ မီးလောင်မှု ဖြစ်ပွား

မေတ္တာ နိုဝင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၌  ၁၉၀၀ အချိန် ထားဝယ်မြို့နယ် နယ်မြေစခန်း(မေတ္တာ)မှ ဒုရဲအုပ် ရန်နိုင်ဦးသည် ရဲစခန်း၌ စခန်းမှူးတာဝန်များ ဆောင်ရွက်နေစဉ် ထားဝယ်မြို့နယ်၊ မေတ္တာမြို့အမှတ်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး စောဒေးဗစ်ချမ်းမှ  ထားဝယ်မြို့နယ်၊ မေတ္တာမြို့၊ အမှတ်(၂)ရပ်ကွက်၊ အာဇာနည်လမ်းဘေးတွင် နေအိမ်(၁)လုံး မီးလောင်နေကြောင်း တယ်လီဖုန်းဖြင့် သတင်းပို့အကြောင်းကြားလာခဲ့ရာ  ၁၉ ၀၅ အချိန်တွင် အခင်းဖြစ်နေရာ နယ်မြေစခန်း(မေတ္တာ)၏ အနောက်ဘက် ၀.၅ မိုင်ခန့်၊ မြို့မစခန်း (ထားဝယ်)  ၏ အရှေ့ဘက် (၂၂)မိုင်ခန့်အကွာ ခမ(MR-475649)ရှိ ယခင် KNU တပ်မဟာ(၄) ဒုတပ်မဟာ မှူးဟောင်း စောမိုက်ကယ်(ခ) စောမူကယ် ပိုင်ဆိုင်သည့် (လူမနေ) အဆောက်အဦဖြစ်ပြီးထိုနေရာသို့  ဒုရဲအုပ်ရန်နိုင်ဦး ဦးစီး (၁+၄)ဦး၊ မေတ္တာမီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်နှင့် တပ်ကြပ်ကြီးထွန်းညီညီအောင် ပါ(၄)ဦး၊ မီးငြိမ်းသတ်ယာဉ်(၂)စီးတို့ဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ရာ ရပ်ကွက်နေပြည်သူ (၃၀)ဦးခန့်မှလည်း ဝိုင်းဝန်းမီးငြိမ်းသတ်

ခဲ့သဖြင့် ၁၉၂၀ အချိန် မီးညွန့်ကျိုးခဲ့ပြီး ၁၉ ၄၅ အချိန် မီးငြိမ်းသတ်မှုပြီးစီးခဲ့ကြောင်း သိရသည်။ မည်သို့လောင်ကျွမ်းသည်ကို မသိရှိရပါ။ အဆိုပါ      မီးလောင်မှုကြောင့် အလျား (၅၀) ပေ၊ အနံ(၂၅)ပေ၊ အမြင့်(၂၅)ပေ ခန့်ရှိ သွပ်မိုး၊ ပျဉ်ထောင်၊ အုတ်ညှပ်အဆောက်အဦ (၁) လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးသတ်ဦးစီးဌာန၏ တွက်ချက်မှုအရ သိန်း(၁၂၀)ခန့် ဆုံးရှုံးခဲ့ကြောင်း

သိရှိရသည်။

အေးအေးချို (ပြန်/ဆက်)