မြိတ် နိုဝင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုသည် မြိတ်ခရိုင်၊ မြိတ်မြို့နယ် သဘွတ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၅)၊ ဦးပိုင်အမှတ် (၈၃/၃) တောင်သူဦးအေးမင်း၏လယ်၌ မိုးစပါး စံပြကွက်ရိတ်သိမ်းပွဲ အခမ်းအနားကိုယနေ့နံနက် (၉) နာရီအချိန်၌ တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်ဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဒေသခံတောင်သူလယ်သမားများ တက်ရောက်ခဲ့ကြပြီး သဘွတ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၅)၊ ဦးပိုင်အမှတ် (၈၃/၃) တွင် တောင်သူဦးအေးမင်း၏ စိုက်ဧက (၂)ဧက ကွက်တွင် ဘောင်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးရက်သက်တမ်း (၁၁၀) ရက်ရှိသော မျိုးသန့်စပါး GW-11 မျိုးအား ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကပျှမ်းမျှ အထွက်နှုန်း (အစို) (၁၃၅) တင်းနှုန်း ထွက်ရှိခဲ့ပါကြောင်းနှင့် ယခုမျိုးသန့်စပါး GW-11 အားပြောင်းလဲစိုက်ပျိုးခြင်းသည် ဒေသခံတောင်သူဦးကြီးများအနေဖြင့် အထွက်နှုန်းပြောင်းလဲ တိုးတက်စေခြင်း၊ အပင်ပွားနှုန်းကောင်းပြီး မျိုးစေ့အောင်မြင်ခြင်းနှင့် လာမည့် ၂၀၂၄ ခုနှစ်တွင် မိုးစပါးအနေဖြင့် စိုက်ပျိုးမည်ဆိုပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ ကွင်းဆင်းဝန်ထမ်းများမှတဆင့် ချိတ်ဆက်ပြီး မြိတ်ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနများတွင် မှာယူဆောင်ရွက်နိုင်ပါကြောင်း သိရှိရပါသည်။
မြိတ်ခရိုင်(ပြန်/ဆက်)