ပခုက္ကူဈေးကွက်သို့ ရာသီစာသဘာဝမှိုများ ဝင်ရောက်

ပခုက္ကူ အောက်တိုဘာ၂၂

ပခုက္ကူ ဈေးကွက်သို့ ရာသီစာ သဘာဝမှိုများ ဝင်ရောက် လာရောက်ရောင်းချနေကြောင်း သိရသည်။ ပခုက္ကူမြို့နယ် ပတ်ဝန်းကျင်ဒေသဖြစ်သော ပေါက်မြို့နယ် တက်မတောင်ပတ်ဝန်းကျင် ကျေးရွာများ အနီးရှိ တောတောင်များမှ ထွက်ရှိသော သဘာဝမှို ဖြစ်သည့် မှိုအုန်းနက် ၊မှိုဖြူများကို ပခုက္ကူမြို့မဈေး အနောက်ဘက်တွင် လာရောက် ရောင်းချလျက်ရှိသည်။

မှိုတစ်ပိဿာ၏ ဈေးနှုန်းမှာ၁၆၀၀၀ကျပ်မှ ၃၀၀၀၀ ကျပ်ဈေး အထိ မှိုအဝင်အထွက်ပေါ်မှုတည်၍ ဈေးနှုန်း အတက်အကျ ရှိကြောင်း မှိုများကို လာရောက်ရောင်းချသူ ပေါက်မြို့နယ် နတ်ဥယျာဉ်ကျေးရွာမှ ဒေါ် အေးမိထံမှသိရသည်။

ယခုမှိုထွက်ရာသီတွင် မိုးနှောင်းမိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် မှိုအထွက်နောက်ကျပြီး မှိုထွက်ချိန် ပြောင်းကာ ရှာဖွေရ ခက်ခဲ ကြောင်းကိုလည်း ဆက်လက်ရှင်းပြသည်။ ပခုက္ကူမြို့မှ မှိုဝယ်သူတစ်ဦးက မှိုလာရောက် ရောင်းချမှ ုရှားပါးပြီး ယခင်နှစ်များထက် မှိုဈေးနှုန်းကြီးနေကြောင်း ပြောကြားချက်အရ သိရသည်။

ကိုတမာ(ပြန်/ဆက်)