မုံရွာ နိုဝင်ဘာ ၁၀
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းခဲ့သည့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်/စက်ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနရုံးရှိ ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မီးသတ်တပ်ဖွဲ့ဝင်များသည် ပြည်သူလူထု၏ လူနေမှုဘဝများအား မီးဘေးနှင့် အခြားသော ဘေးအန္တရာယ်များမှ ဘေးကင်းလုံခြုံစေရေးအတွက် ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သည် ရည်မှန်းချက် တာဝန်(၄)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ မဟာဗျူဟာကျသော အရေးကြီးသည့် ကဏ္ဍများ ဖြစ်သော ကြိုတင်စီမံမှုကဏ္ဍ၊ မီးဘေးလုံခြုံရေးကဏ္ဍနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုကဏ္ဍ၊ ပြန်လည် သုံးသပ်မှု ကဏ္ဍဆိုသည့် အရေးကြီးသည့် ကဏ္ဍ(၃)ခုအား လိုက်နာဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် Men Power ဖြစ်သည့် တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်နှင့် ကြံခိုင်ရေးပြည့်ဝအောင် လေ့ကျင့်ဆောင်ရွက်ကြရန်နှင့် Technological Power ဖြစ်သည့် မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်းနည်းစနစ်၊ ရှာဖွေကယ်ဆယ်ရေး နည်းစနစ်နှင့် မီးငြှိမ်းသတ်ရေးနည်းစနစ်များအား ပြည့်ဝနေအောင် လေ့ကျင့်ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊
မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများအပေါ် ကျရောက်လာနိုင်သည့် ဘေးအန္တရာယ် အမျိုးမျိုးအား အချိန်မဆိုင်းဘဲ ကာကွယ်ဆောင်ရွက်ပေးကြကာ နိုင်ငံတကာတွင် ပြောင်းလဲ တိုးတက်နေသည့် မီးသတ်လုပ်ငန်းဆိုင်ရာများကို မျက်ခြည်မပြတ် လေ့လာဆည်းပူးပြီး မိမိနို င်ငံသားတို့အတွက် ပြန်လည်အသုံးချအားထုတ်သွားကြရန်လိုအပ်ပါကြောင်း၊ မီးသတ် တပ်ဖွဲ့ဝင် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြင့်မားအောင် ကြိုးပမ်းနေခြင်းသည် တပ်ဖွဲ့တစ်ခုလုံး၏ဂုဏ်ကို မြှင့်တင်နေခြင်းဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးထံ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးယာဉ်/စက်ပစ္စည်းများနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ပြီး တိုင်းဒေသကြီး မီးသတ် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုရုံးဝန်းအတွင်းရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးယာဉ်/စက်ပစ္စည်းများ လက်တွေ့သရုပ်ပြသခြင်းနှင့် ခင်းကျင်းပြသထားရှိမှုများအား တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးက လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး Command & Control Center အခန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည့် စက်ပစ္စည်းများအနေဖြင့် လှေကားတင်ယာဉ်(၂)စီး၊ သူနာတင်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေး ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ် (၂၀)စီး၊ အပူချိန်တိုင်း ကိရိယာ (၅၆)ခု၊ ရေငုတ်ဝတ်စုံ (၁၅)စုံ၊ ရေပက်ပိုက်လိပ် (၃၇၀)လိပ်၊ မီးငြှိမ်းသတ်ရေးဝတ်စုံ (ကိုရီးယား) (၄၀)စုံ၊ အသက်ရှူ ကိရိယာ Spare Cylinder (၁၀၀)လုံး၊ အသက်ရှူကိရိယာ လေဖြည့်စက် (၁၀)လုံး၊ အလူမီနီယံ မီးငြှိမ်း သတ်ရေးဝတ်စုံ (၁၅)စုံ၊ မြေပြင်အခြေအနေကြည့် Drone (၁)ခုတို့အား ဝယ်ယူဖြည့်တင်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)