မြောင် အောက်တိုဘာ ၂၂
စစ်ကိုင်းခရိုင်၊ မြောင်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး နှင့် အဖွဲ့ဝင်များ အားရွေးကောက်ပွဲဆိုင်ရာ သင်တန်း ပိုချ ဆွေး နွေးမှုကို မြောင်မြို့ အခြေခံ ပညာ အထက်တန်းကျောင်း ရပြည်ခန်းမတွင် ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင် ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲဥက္ကဌဦးရဲထွဋ်က သင်တန်း ဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ စစ်ကိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မိုးမြင့်မှ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်အဖွဲ့ဝင်များ ၏လုပ်ငန်းတာဝန်များ လုပ်ပိုင်ခွင့်ဆိုင်ရာများ၊ မဲပေးပုံအဆင့် ဆင့်၊ ဆန္ဒမဲရေတွက်မှု ရလဒ်တွက်ချက်မှု များထုပ်ပိုးပို့ဆောင်ခြင်းနှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လမ်းညွှန်ချက်နှင့်အညီ အထူးဂရုပြု ဆောင်ရွက်စေရေးများအား သင်ကြား ပိုချ ဆွေးနွေးခဲ့သည်။
အဆိုပါ သင်တန်းသို့ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဥက္ကဌများ၊ ရပ်ကွက်ကျေးရွာ စာရေးများ နှင့် ဆရာ/ဆရာမများ တက်ရောက်လျက်ရှိကာ သင်တန်းသား(၁၅၆)ဦးအား တစ်ရက်လျှင် (၂၇) ဦးဖြင့် အောက်တိုဘာ(၂၀)ရက်နေ့မှ အောက်တိုဘာ (၂၆) ရက်အထိ သင်ကြားဆွေးနွေး ပို့ချသွား မည်ဟု သိရှိရသည်။
တင်ကိုကို(မြောင်)