ငါးသိုင်းချောင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၂) ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်ပွဲကျင်းပ

ငါးသိုင်းချောင်း နိုဝင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက်(၇)နာရီအချိန်က (၇၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲလှည့်လည် ကျင်းပခဲ့ကြောင်း သိရသည်။

စုပေါင်းမဟာဘုံကထိန်ပွဲတွင် (အ-ထ-က) ငါးသိုင်းချောင်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် တကွ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ လှူဒါန်းသည့် စုစုပေါင်းတန်ဖိုး (၈၆၁၇၃၅၀)ကျပ်အား ဓမ္မဝေပုလ္လကျောင်းတိုက်သို့ သွားရောက် ဆက်ကပ်၍ ကထိန်အနု မောဓနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)