ရန်ပုံငွေကျပ်သန်း ခုနှစ်ထောင်နှစ်ရာကျော်ဖြင့် ကန့်ဘလူမြို့နယ် ဖွံ့ဖြိုးရေး ဆောင်ရွက်မည်

ကန့်ဘလူ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘတ်ဂျက် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၁၆၁ ဒသမ ၀၄၁၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၀၈၅ ဒသမ ၁၈၂ ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့နယ်စီမံ ကိန်းရေးဆွဲရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်ထံမှ သိရသည်။

ကန့်ဘလူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့်  ကျေးရွာချင်းဆက် ကွန်ကရစ် လမ်းခင်းခြင်း၊ ဆည်တမံများတွင် လိုအပ်သောနေရာများ၌ ကျောက်ကြီး လိုင်နင်စီခြင်း၊ မြောင်းဖြတ်ကူးတံတား တည်ဆောက်ခြင်း၊ လျှပ်စစ်ရေတင်လုပ်ငန်း ဆောင်ရွက်ခြင်း၊ ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်း၊ စက်ရေတွင်း၊ ရေစက်ရုံ၊ အုတ်ရေကန် တည်ဆောက်ခြင်း၊ နယ်မြေမီးသတ်စခန်း (ဝန်ထမ်းနေအိမ်ပါ) များ တည်ဆောက်ခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ခြင်း၊ ထရန်စဖော်မာများ တည်ဆောက်ခြင်း၊ ဓာတ်အားကြိုးများ လဲလှယ်တတ်ဆင်ခြင်း၊ ကတ္တရာ လမ်းခင်းခြင်း၊ ကျောက်ရောမြေ လမ်းပုခုံးခင်းကြိတ်ခြင်း၊ ကျေးရွာချင်းဆက်လမ်းများအား (မြေ +ဂျင်း) ခင်းခြင်း၊ ကွန်ကရစ်တံတား တည်ဆောက်ခြင်း၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း၊ မြို့ပေါ်ရပ်ကွက်လမ်းများ ကတ္တရာခင်းခြင်း၊ တိုးချဲ့ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း၊ ကွန်ကရစ်တံတား တည်ဆောက်ခြင်း၊ မြို့တွင်း ရေပိုက်လိုင်းများနှင့် ဂိတ်ဘားများ ပြုပြင်ခြင်း၊ သားသတ်ရုံများ တည်ဆောက်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ဂျင်းလမ်းခင်းခြင်း၊ ကျောက်ချောလမ်းခင်း၊ Box Culvert များ တည်ဆောက်ခြင်းနှင့် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများ တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)