တွန်းဇံ နိုဝင်ဘာ ၁၀
ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်နှင့် ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က တွီးတူမ်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၊စာသင်ခန်း၌ ကျင်းပပြုလုပ်သည်။
ထိုသို့ နယ်လှည့်စာကြည့်တိုက်နှင့် ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟော ပြောပွဲပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခမ်ငိုက်မန်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ကလေးလုပ်သား အဓိပ္ပါယ်နှင့် ကလေးအသက် သတ်မှတ်ချက်များကိုလည်းကောင်း ဒုတိယဦးစီးမှူး ဒေါ်နိန်ခန့်လွန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်းကိုလည်းကောင်း ဟောပြောကြပြီး ယူဆောင်လာသော စာအုပ်စာပေများကို ဆရာမများနှင့် ကျောင်းသား/များက စိတ်ဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ နယ်လှည့်စာကြည့်တိုက်နှင့်ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာအသိပညာပေးဟော ပြောပွဲပြုလုပ်ရာ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တွီးတူမ်းကျောင်းအုပ်ဆရာမကြီး ဒေါ်အင်ခန့်လွန်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ (၃၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇိုဇွန်းပါလ်(ပြန်/ဆက်)