ခန္တီး အောက်တိုဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသား (၃၄) ဦးနှင့် သင်တန်းနည်းပြ (၄) ဦးတို့အား ယနေ့ နေ့လယ်က နှာခေါင်းတို့ပတ် နမူနာကို RTD- test kit ဖြင့် စစ်ဆေးရာ (All Negative) အဖြေ ထွက်ရှိကြောင်း သိရသည်။
အဆိုပါ နှာခေါင်းတို့ပတ်နမူနာများကို မြို့နယ်ပြည်သူ့ အားကစားရုံတွင် စစ်ဆေးခြင်းဖြစ်ပြီး ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ဓါတ်ခွဲမှူး ဦးမောင်မောင်ချစ်နှင့် ဒေါ်နန်းဟွမ်းခမ်းတို့က RTD- test kit ဖြင့် စစ်ဆေးခြင်းဖြစ်ကြောင်း၊ ထိုသို့ စစ်ဆေး ရာတွင် ခရိုင်ဆေးရုံအုပ် ဒေါက်တာ နန်းမြတ်မြတ်မွှေးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါ်ဆွီးနွာမ်းတို့ ကလည်း အနီး ကပ် ကြီးကြပ်ပေးခဲ့ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)