ဖျာပုံမြို့၌ သီးနှံအာမခံလုပ်ငန်းဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ဖျာပုံ နိုဝင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်နှင့် တိုင်းဒေသကြီး မြန်မာ့ အာမခံလုပ်ငန်းတို့မှ တိုင်းတာဝန်ခံများက သီးနှံအာမခံလုပ်ငန်း ဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ဖျာပုံခရိုင်​အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ သီးနှံအာမခံ လုပ်ငန်းဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေးရာတွင် ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းတာဝန်ခံ ဦးအေးသိန်းနှင့် တိုင်းဒေသကြီး မြန်မာ့အာမခံ လုပ်ငန်း၊ တိုင်းတာဝန်ခံ ဒေါ်ခင်‌ထွေးမြင့်တို့မှ သီးနှံအာမခံလုပ်ငန်း ဆိုင်ရာများအား ကဏ္ဍတစ်ခု ချင်းအလိုက် အသီးသီးရှင်းလင်းဆွေးနွေးပြောကြားကြပြီး အခမ်းအနားသို့ တက်ရောက်လာကြ သော ဖျာပုံခရိုင်အတွင်းရှိ ခရိုင်/မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက သိရှိလို သည်များ မေးမြန်းတင်ပြဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် တိုင်းဒေသကြီး မြန်မာ့အာမခံ လုပ်ငန်းတိုင်းတာဝန်ခံများက ပြန်လည်ဆွေးနွေးဖြေကြားကြသည်။
အဆိုပါ သီးနှံအာမခံလုပ်ငန်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် တိုင်းဒေသကြီး မြန်မာ့အာမခံ လုပ်ငန်းတို့မှ တိုင်းတာဝန်ခံများ၊ ဖျာပုံခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦး‌ဌေးမောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင် စုစုပေါင်း (၆၆)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရ သည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)