ပြည် နိဝင်ဘာ ၁၀
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့"ဆုံစည်းရာ"စာဖတ်ဝိုင်း(Book Club)အဖွဲ့တို့ လစဉ်ပူးပေါင်းဆောင်ရွက်သည့် စာဖတ်ဝိုင်းကို ယနေ့နံနက် ပူးပေါင်းဆောင်ရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် ရှေးဦးစွာ ဆုံစည်းရာစာဖတ်ဝိုင်း(Book Club) အဖွဲ့နာယက မြို့နယ်ပညာရေးမှူး (ငြိမ်း)ဦးခင်အောင်၊ စာရေးဆရာ အောင်(ဓာတု)နှင့် စာရေးဆရာဦးသိန်းဝင်း၊ စာရေးဆရာမောင်စိမ်းလန်းတို့က စာပေအကြောင်းများနှင့် စာဖတ်ဝိုင်းရေရှည်တံ့ရေးကို ဆွေးနွေးဟောပြောခဲ့ကြသည်။
ထို့နောက် ဆုံစည်းရာစာဖတ်ဝိုင်း (Book Club)အဖွဲ့ဝင် စာရေးဆရာကြီးများက စာရေးဆရာမကြီး ခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှက်အတွေးအမြင်စာစုများ စာအုပ်ကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုစိုး