သာပေါင်း နိုဝင်ဘာလ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မိုးစပါး မျိုးစေ့ထုတ်သုတေသနစမ်းသပ်ကွက်နှင့် RS-CS မျိုးစေ့ထုတ် စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နိုဝင်ဘာလ ၉ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က ငါးဘတ် ချောင်းကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ကြသည်။
ပုသိမ်ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီအတွင်းရေးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းစိုး၊ ခရိုင်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူးဦးနေဝင်း၊မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးမြို့ နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ ဦးစီးမှူးဦးမျိုးမြင့်လွင်တို့က တက်ရောက်လာကြသောကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တောင်သူများအား နွေစပါးမျိုးစေ့များပေးအပ်ခဲ့ကြပြီး ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ လယ်တီကြီးကျေးရွာ၊ ကွင်းအမှတ် (၈၁၅/၁၂)၊ တောင်သူဦးကံဌေး လယ်မြေ(၉)ဧက မျိုးစေ့ထုတ်နေရာတွင် မိုးစပါး သုတေသန စမ်းသပ်ကွက်နှင့် RS-CS မျိုးစေ့ထုတ် စံကွက်ရိတ်ခြင်း၊ ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်းများ ဆောင်ရွက်ကြရာ၊ ယခင်နှစ် အခြောက်(၈၅) တင်းထွက်ရှိခဲ့ပြီး၊ ယခုနှစ် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)စိုက်ခင်းမှ အခြောက် (၁၁၄.၆၂)တင်း၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)+သဘာဝမြေသြ ဇာစိုက်ခင်းမှ အခြောက်(၁၁၉.၅၈)တင်း၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) + သဘာဝမြေသြဇာ+ဓာတ်မြေသြဇာ စိုက်ခင်းမှ အခြောက်(၁၂၅.၇၅)တင်း၊ ပေါင်းပျှမ်းမျှ(၁၁၉.၉၈) တင်းထွက်ရှိခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ (၁)ဘီလီယံချေးယူငွေဖြင့် (၈)ဧက ရယူစိုက်ပျိုးခဲ့သဖြင့် အကျိုးကျေးဇူးများရရှိခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း (ပြန်/ဆက်)