စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆင်းရဲမှုလျှော့ချရေး ရန်ပုံငွေဖြင့် ရေဆင်း(၁) စပ်မျိုးနေကြာ မျိုးစေ့နှင့် တိုင်းရင်းကြက်မျိုး ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပ

မော်လိုက် နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ရေဆင်း(၁) စပ်မျိုးနေကြာမျိုးစေ့နှင့် တိုင်းရင်းကြက်မျိုး ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကားပြောကြား သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စိန်ဦးက နေကြာစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက မော်လိုက် မြို့နယ်ရှိ ပြည်သူများအား နေကြာမျိုးစေ့နှင့် တိုင်းရင်းကြက်မျိုးများကို ထောက်ပံ့ပေးအပ်ခဲ့ရာ တက်ရောက်လာကြသည့် ပြည်သူ များက အသီးသီးလက်ခံခဲ့ကြသည်။

မော်လိုက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့နည်းစေရန်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆင်းရဲမှုလျှော့ချရေးအစီအစဉ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် နေကြာမျိုးစေ့ (၁)ထုပ်နှုန်းဖြင့် အိမ်ထောင်စု (၃၀၀) တို့ကို လည်းကောင်း၊ အိမ်ထောင်စုတစ်စုလျှင် တိုင်းရင်းကြက်မျိုး အထီး(၁)ကောင်နှင့် အမ(၄)ကောင်နှုန်းဖြင့် အိမ်ထောင်စု (၂၀၀)အား ကြက်ကောင်ရေ (၁၀၀၀)တို့ကို လည်းကောင်း  ထောက်ပံ့ပေးအပ်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ဝေသော “နေကြာ သီးနှံ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ” ခေါင်းစဉ်ဖြင့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်း သိရ သည်။          

ခရိုင် (ပြန်/ဆက်)