တွန်းဇံမြို့နယ်ရုံးCommunity Centre ခန်းမတွင် စာအုပ်၊ စာပေ ချစ်မြတ်နိုးသူများက စာဖတ်ဝိုင်း‌ ဆွေးနွေးပွဲပြုလုပ်

တွန်းဇံ နိုဝင်ဘာ ၁၀

ချင်းပြည်နယ် တွန်းဇံမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် စာအုပ်၊ စာပေ ချစ်မြတ်နိုးသူများ တိုးပွားလာစေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများက ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရာတွင် စာရေးသူ ကျော်ကျော်လှိုင် ရေးသားသည့် တန်ဖိုးရှိသောနေ့ စာအုပ်မှ "အောင်မြင်ရေးစိတ်ဓါတ်မွေးမြူပါ" ခေါင်းစဉ်ကို ဦးထန်လမ်းခိုင် (Book Club အဖွဲ့ဝင်) က ဖတ်ကြားဆွေးနွေးပြီးနောက် မောင် နန်ခန့်စိန်က "ပေါင်းသင်းဆက်ဆံရေး ကောင်းသူက အောင်မြင်သူပါ" ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

စာဖတ်ဝိုင်းပြုလုပ်ရာတွင် Book Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများက မိမိတို့ဘဝကို မြှင့်တင်နိုင်ဖို့စာဖတ်သည့် အလေ့အကျင့်ကို မွေးမြူပြီး တန်ဖိုးရှိသောနေ့များ ပိုင်ဆိုင်နိုင်ရန် မိမိတို့၏ အမြင်ကို အချင်းချင်းဖလှယ်၍ အပြန်အလှန် ဆွေးနွေး‌ခဲ့ကြကြောင်း သိရသည်။

ဇိုဇွန်းပါလ်(ပြန်/ဆက်)