ကံမ နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (လူထုအခြေပြု ဗဟိုဌာန)၌ ယနေ့နံနက် (၁၀) နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ရာ မင်းကုန်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆင့်က ကလေးအလုပ်သမား အဓိပ္ပါယ်နှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်း အသိပညာပေး ရှင်းလင်းပြောကြားပြီး ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးစစ်သား အသုံးမပြုရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲအား ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)