ဝါးခယ်မမြို့နယ်တွင် ပိုက်ဆံလျှော်မျိုးစေ့ထုတ်ကြဲပတ်ပွဲအခမ်းအနားကျင်းပ

ဝါးခယ်မ နိုင်ဝင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် သဲကုန်းကျေးရွာတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပိုက်ဆံလျှော် မျိုးစေ့ထုတ်ကြဲပတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ဝါးခယ်မမြို့နယ် သဲကုန်းကျေးရွာအုပ်စု ကွင်းအမှတ် ၁၀၀၃၊ ဦးပိုင်အမှတ် ၁၇/၂၊ တောင်သူ ဦးအေးသိန်း၏ လယ်မြေ ၀.၅ ဧကတွင် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းအား ထွန်ယက်ခြင်းနှင့် ပိုက်ဆံလျှော်မျိုးစေ့ချစိုက်ပျိုးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး‌ကော်မတီအဖွဲ့ဝင်တို့မှ မျိုးစေ့ချစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)