မင်းလှ နိုဝင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို အ.မ.က ကံဦးကျောင်း၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အသိပညာပေးဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်က ကလေးငယ်များကို အတန်းပညာသာမက ဗဟုသုတရရှိရန် စာအုပ်ကောင်းများကို လေ့လာဖတ်ရှု့စေလိုကြောင်း၊ စာဖတ်ခြင်းကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများကို အသိပညာပေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်မာဝင်းက ကျောင်းသား၊ ကျောင်းသူလေးများကို ပုံပြင်ပြောခြင်းများဖြင့် အသိပညာပေးပြောကြားသည်။
စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် ကျောင်းသား၊ ကျောင်းသူလေးများအား သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ စာစောင်များကို ဖတ်ရှု့စေခြင်းအပြင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုနံရံကပ်၊ သဘာဝဘေး၊ သက်ငယ်မုဒိမ်း၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်းကူးမူ စသည့်နံရံကပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ပေါက်စ