ကော့ကရိတ် အောက်တိုဘာ ၂၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာလ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းသည် ကော့ကရိတ်မြို့၊ ဘုန်းတော်ကြီး ကျောင်း (၁၃) ကျောင်းသို့ ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆန်၊ ဆီ၊ ငါးသေတ္တာနှင့် ကြက်သားဆီသွတ်ဘူးများအား ယနေ့နံနက်တွင် သွားရောက်လှူဒါန်းခဲ့သည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆန် (၂၄) ပြည်ပါ ဆန်အိတ် (၆၄) အိတ်၊ ဆီ (၆၅) ပိသာ၊ ငါးသေတ္တာ (၅၀၀) ဘူးနှင့် ကြက်သားဆီသွတ်ဘူး (၅၄၀) ဘူးတို့အား ကော့ကရိတ်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းနှင့်ဝေယျာဝစ္စများ အခက်အခဲ မရှိစေရေးအတွက် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ထိုသို့လှူဒါန်းရာတွင် ကရင်ပြည်နယ်လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းနု၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်စိုးလွင်