နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် ပင်စင်စားများအား နေ့အလိုက် ထုတ်ပေး

နတ်မောက်   အောက်တိုဘာ  ၂၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့  မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ပင်စင်စားများအတွက် ပင်စင်များကို ယမန်နေ့မှ စတင်၍ လူစုလူဝေး မဖြစ်ပေါ်စေရေး ထုတ်ပေးလျက်ရှိသည်။

ထိုသို့ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပင်စင် လာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက်   စနစ်တကျ ရှိစေရန် သုံးပေအကွာစည်းများပြုလုပ်‌ပေးထားခြင်း ၊လက်ဆေးဘေစင်များ  ပြုလုပ်ထားခြင်း များကိုနတ်မောက်မြို့ နယ် မြန်မာ့စီးပွား‌ရေးဘဏ်မှ စီမံဆောင်ရွက်ထားသည်။

အဆိုပါ ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက်  အောက်တိုဘာ ၂၁ ရက် နေ့မှ   ၂၇  ရက် နေ့အထိ နတ်မောက်မြို့နယ်အတွင်းရှိရပ်ကွက် /ကျေးရွာများမှ ပင်စင် စားများ အား‌ နေ့စဉ် နံနက် ၇  နာရီမှ ညနေ ၃ နာရီအထိထုတ်ပေးလျက်ရှိသည်။ ထို့ပြင် သတ်မှတ် ရက်များတွင်  လာရောက်ထုတ်ယူခြင်း မရှိသော အငြိမ်းစားများအား  နိုဝင်ဘာလဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ ပင်စင်များကို ထုတ်ပေးမည်ဖြစ်ပြီး၊ နတ်မောက်မြို့နယ်တွင် မြန်မာ့ စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူသူ (၁၆၀၀) ဦးခန့်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

သင်းသင်းဝေ ( နတ်မောက်)